ကျောက်တန်းမြို့၌ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)မျိုးစေ့ပေးအပ်ပွဲနှင့် ကြဲပက်ပွဲကျင်းပ

ကျောက်တန်း မေ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့ ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါးရာသီအတွက် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) မျိုးစေ့များပေးအပ်ပွဲနှင့် ကြဲပက်ပွဲအခမ်းအနားကို ကွင်းအမှတ် (၆၂၈)တောင်သူ ဉီးဌေးလွင်၏ လယ်မြေ၌ ယနေ့နံနက် (၉)နာရီက ပြုလုပ်ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားသို့ ကျောက်တန်းမြို့နယ် မြို့အုပ်ချုပ်ရေးမှူးဉီးဘုန်းခန့်အောင် စိုက်ပျိုးရေးဉီးစီးဌာနမြို့နယ်ဉီးစီးမှူးဦးမျိုးသန့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမြို့နယ်ဦးစီးမှူး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ်ဉီးစီးမှူး၊ ငါးလုပ်ငန်းဦးစီးဌာနမြို့နယ်ဉီးစီးမှူး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမြို့နယ်ဦးစီးမှူးနင့် ဌာနဆိုင်ရာဝန်ထမ်းများ တောင်သူများတက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ကျောက်တန်းမြို့စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူးဦးမျိုးသန့်က သစ်စိမ်းမြေဩဇာများသည် ပဲမျိုးနွယ်ဝင်အပင်များဖြစ်ပြီး သစ်ဆွေးဓာတ်ပျမ်းမျှ ၆၅% ခန့်ပါဝင်၍ ဆွေးမြေ့မှုမြန်ကာ မြေတွင်အဓိကနိုက်ထရိုဂျင်ဓာတ်နှင့် သစ်ဆွေးဓာတ်များ ရရှိစေကြောင်းပြောကြားခဲ့ပြီး ပိုက်ဆံလျှော်သုံးစွဲခြင်းဖြင့် ကမ္ဘာမြေအတွက်အကျိုးကျေးဇူးများစွာ ရရှိမှာဖြစ်ကြောင်း၊ ပိုက်ဆံလျှော်မှ သစ်စိမ်းမြေဩဇာအဖြစ် ရရှိလာသော အာဟာရတန်ဖိုးမှာလည်း နိုက်ထရိုဂျင် ၂.၆၆%၊ ဖော့စ်ဖရပ် ၀.၄၀%၊ ပိုတက်ရှ် ၁.၉၁%၊ သစ်ဆွေးဓာတ် ၅၆% ရရှိစေကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)မျိုးစေ့များပေးအပ်ပွဲအခမ်းအနားသို့ တောင်သူများတက်ရောက်ခဲ့ပြီး တစ်ဧကနှုန်းတစ်ဦးလျှင် (၄)ပြည်နှုန်းနှင့် သစ်စိမ်းမြေဩဇာ ပြည်(၁၀၀)ကို တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ရာ ရပ်ကွက်/ကျေးရွာနေတောင်သူများနှင့်အုပ်ချုပ်ရေးမှူးများက လက်ခံရယူခဲ့ကြကြောင်း သိရသည်။

ဆက်လက်ပြီး စိုက်ခင်းအတွင်း သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) ကြဲပက်စိုက်ပျိုးမှုနှင့်ပက်သက်၍ လက်တွေ့ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ် ပြန်ဆက်