ကျောက်တန်း မေ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်အတွင်းမှ တောင်သူများအတွက် ၂၀၂၃ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့နံနက် ၁၀ နာရီမှစ၍ ကျောက်တန်းမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌စတင်၍ ထုတ်ချေးပေးလျက်ရှိကြောင်း သိရှိရသည်။
ကျောက်တန်းမြို့နယ်၌ မိုးစပါးစိုက်ပျိုးရန် ၅၆၆၀၀ ဧကအတွက် တစ်ဧကလျှင် မိုးစပါးချေးငွေ ကျပ်တစ်သိန်းခွဲနှုန်းဖြင့် ကျပ်သန်းပေါင်း(၈၅၀၀)ခန့်ထုတ်ချေးပေးရန် လျာထားကြောင်းနှင့် ယခင်နှစ်မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ အပြေအကြေဆပ်ပြီးသည့် တောင်သူများအား ဦးစားပေးအစဉ်အတိုင်းထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း၊ ချေးငွေများကို ၂၀၂၃ ခုနှစ် စက်တင်ဘာလကုန်အထိ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း ယနေ့တွင်ကျောက်တန်းမြို့နယ်၊ ကန်ပြောင်ကျေးရွာအုပ်စုမှ တောင်သူ ၁၈၆ ဦး၏ ၁၂၇၆ ဧကအတွက် ငွေပေါင်း(၁၉၁.၄၀) ကျပ်သန်းအား စတင်ထုတ်ချေးပေးခဲ့ကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာထံမှ သိရှိရသည်။
ကျောက်တန်းမြို့နယ်များရှိ ကျေးရွာအုပ်စုများမှ ယခင်နှစ်ထုတ်ချေးခဲ့သော စိုက်ပျိုးစရိတ်ချေးငွေများ အပြေအကြေဆပ်ပြီးခဲ့သည်တောင်သူများကို တစ်ဧကလျှင်တစ်သိန်းခွဲနှုန်းဖြင့် တောင်သူတစ်ဉီးလျှင် အများဆုံး(၁၀)ဧကအထိ နေ့စဉ်ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)