လှိုင်းဘွဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေး

လှိုင်းဘွဲ   မေ  ၁၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ကိုင်သူ တောင်သူဦးကြီးများ အနေဖြင့် စိုက်ပျိုးရေး ချေးငွေများကို အတိုးနှုန်းသက်သာစွာ ဖြင့် ရရှိနိုင်ရေး၊ အရင်းအနှီးများရရှိစေရေးနှင့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဘဏ္ဍာနှစ်အလိုက် ချေးငွေများကို ထုတ်ချေးဆောင်ရွက်ပေးလျက်ရှိရာ မိုးရာသီစိုက်ပျိုးစရိတ်ဘဏ်ချေးငွေများ ထုတ်ချေးပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ဆောင်ရွက်ပေးနေလျက်ရှိကြောင်း သိရသည်။

အဆိုပါထုတ်ချေးပေးရာတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မြို့နယ်မန်နေဂျာ ဒေါ်ခင်အေးလှိုင်က ရာသီအလိုက် ချေးငွေများ ထုတ်ချေးပေးနေမှု၊ တောင်သူလယ်သမားများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အချိန်မီစိုက်ပျိုးနိုင်ရန်နှင့်လိုအပ်သော စိုက်ပျိုးစရိတ်များကို အဆင်ပြေစေရန်အတွက် မိုးရာသီ စိုက်ပျိုးစရိတ်ဘဏ်ချေးငွေများ ထုတ်ချေးပေးရခြင်း၏ ရည်ရွယ်ချက်တို့ကို တောင်သူများအား ရှင်းလင်းပြောကြားပြီး ၂၀၂၃ခုနှစ်အတွက် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို မြလေးကျေးရွာနှင့် ကော့ဖမွတ်ကျေးရွာတို့မှ တောင် သူ (၂၅)ဦးအား မိုးစပါးတစ်ဧကလျှင် ငွေကျပ်()သိန်း(၅)သောင်းနှုန်းဖြင့် စုစုပေါင်းမိုးစပါး (၁၈၁)ဧကအတွက် စိုက်ပျိုး စရိတ်ချေးငွေ  ကျပ်(၂၇၁.)သိန်းကို ထုတ်ချေပေးခဲ့ကြောင်း သိရသည်။

မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျေးရွာ(၃၁)ရွာမှ တောင်သူ(၄၂၆)ဦး၊ လယ်မြေ(၃၃၁၃)ဧကအတွက် ငွေကျပ်(၄၉၆၉.၅)သိန်းကို ထုတ်ချေးပေးရန် လျာထားကြောင်း မြို့နယ်မြန်မာ့ လယ်ယာ ဖွံ့ဖြိုးရေးဘဏ် မန်နေဂျာထံမှ သိရသည်။

စောဒိ( ပြန် / ဆက်)