ထန်းတပင်(ပဲခူး) မေ ၁၉
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ယမန်နေ့နံနက် ၁၀နာရီအချိန်က မိုးစပါးစိုက်ပျိုး သည့် တောင်သူများအားစိုက်ပျိုးစရိတ် ချေးငွေ များကို စတင်ထုတ်ချေးပေးကြောင်း သိရသည်။
အဆိုပါ၂၀၂၃ ခုနှစ်မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေအား ကျေးရွာအုပ်စု(၃၅)အုပ်စုရှိ၊ လူဦး ရေ(၃၀၀၀)ဦး ဧက(၂၅၀၀၀)အတွက် ထုတ်ချေးပေးရန် ငွေကျပ်သိန်း(၃၇၅၀၀/) သိန်း ထုတ်ချေးရန် လျာထားဆောင်ရွက်လျက်ရှိရာ ယနေ့တွင် အောင်ချမ်းသာရပ်ကွက်ရှိတောင် သူ(၂၃)ဦး၊ ဧက(၁၁၈)အတွက် ချေးငွေကျပ်သိန်း (၁၇၇)သိန်း ထုတ်ချေးပေးမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၃ခုနှစ်၊ မိုးရာသီအတွက် မိုးစပါးချေး ငွေထုတ်ချေးပေးခြင်းအတွက် တောင်သူများ စားဝတ်နေရေးအဆင်ပြေချောမွေ့စွာ နေထိုင်နိုင်ရေး၊ လူမှုဘဝဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ဆောင်ရွက်ပေးရခြင်းဖြစ်ပါကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။
မြို့နယ်(ပြန်/ ဆက်)