မြောက်ဦးမြို့၌ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်(အခမဲ့)ဆေးကုသပေး

မြောက်ဦး မေ ၁၉

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေး ကုသရေးအဖွဲ့မှ ပါရဂူများ၊ ဆေးမှုများ၊ သူနာပြုများပါဝင်သော ဆေးကုသရေးအဖွဲ့သည် ယနေ့ နံနက် ၈ နာရီအချိန်က ထမ္မရာဇ်ရပ်ကွက် အ.ထ.က (ခွဲ) လ(၃) ကျောင်း၌၊ သာသနာ့နွယ်ဝင်များ၊ သီလရှင်များ၊ ဒေသခံပြည်သူများအား (အခမဲ့) ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ကြသည်။

မြောက်ဦးမြို့၌ မေလ (၁၄) ရက်နေ့က ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)‌ လေပြင်းတိုက်ခတ်မှု ခံစားခဲ့ရသော ပြည်သူများ အတွက် ဆေးကုသမှုအခက်အခဲမရှိစေရန် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ဗိုလ်ကြီး စိုင်းနောင်တိုး၊ ဗိုလ်ကြီးဇေဝဏ္ဏထွဏ်းတို့အဖွဲ့သည် ကလေးအထူးကုပါရာဂူ၊ အထွေထွေသမားတော်၊ မျက်စိအထူးကုပါရဂူ၊ခွဲစိတ်ပါရဂူ၊ ဓာတ်မှန်ပါရဂူ၊ သွားရောဂါပါရဂူများက ယာယီခိုလှုံရာစခန်းများမှပြည်သူများ၊ မြို့ပေါ်ရပ်ကွက် နေပြည်သူများ၊ မြောက်ဦးမြို့နယ်အတွင်းမှ မုန်တိုင်းရှောင်ပြည်သူများတို့သည် သွားရောဂါခံစားနေရသော ပြည်သူများ၊ မျက်စိအားနည်းသော သက်ကြီးရွယ်အိုများ၊ နာမကျန်းဖြစ်နေသော ကလေးသူငယ်များစသော ပြည်သူများလာရောက်၍ ဆေးကုသမှုခံယူကြရာ လိုအပ်သည့် ဆေးဝါးများနှင့်ဆေးကုသေပေးမှုများ (အခမဲ့) ဆက်လက်ဆောက်ရွက်ပေးလျက် ရှိသည်။

အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ရာသို့ နယ်မြေခံတပ်မမှူး၊ ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး တင်ထူးလှိုင်၊  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုတိယရဲမှူးကြီးခင်မောင်စိုး၊ ဌာနဆိုင်ရာများက လှည့်လည်ကြည့်ရှုကာ တာဝန်ရှိသူများက လိုအပ်သည် များကို မှာကြားပေးခဲ့ကြောင်း သိရသည်။

မြင့်စိုး(ပြန်/ဆက်)