မြစ်ကြီးနား မေ ၁၉
၂၀၂၃ ခုနှစ်၊ ဇွန်လ (၅) ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းနေ့ အထိမ်းအမှတ် အသိပညာပေး လက်ကမ်းစာစောင်ကို ယနေ့ နံနက် (၇) နာရီက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ လူစည်ကားသည့်နေရာများတွင် အခမဲ့လိုက်လံဖြန့်ဝေပေးကြသည်။
ထိုသို့ အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို မြစ်ကြီးနားခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခေါန်ဆိုင်းနှင့် ဝန်ထမ်းများက မြစ်ကြီးနားမြို့ လူစည်ကား ရာ နေရာဖြစ်သည့် မြို့မရပ်ကွက် အောင်းဆန်းလမ်းနှင့် ခရေပင်လမ်း လမ်းဘေး ဝဲ/ယာ ဈေးရောင်း/ ဈေးဝယ်၊ လမ်းသွား/လမ်းလာတို့အား ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းနေ့ အထိမ်းအမှတ်နှင့် ပလတ် စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရ သည်။
အဆိုပါ လက်ကမ်းစာစောင်တွင် ကမ္ဘာ့ကြီးပူနွေးလာမှုနှင့် ရာသီဥတုပြောင်းလဲမှု၏ အကျိုးဆက်များ၊ ရာသီဥတုပြောင်းလဲမှုကို လျှော့ချရန် နည်းလမ်းများ၊ မြန်မာနိုင်အတွင်း ရာသီဥတုပြောင်းလဲမှု၊ မြန်မာနိုင်ငံတွင်ဖြစ်ပေါ်ခဲ့သော ရေကြီးရေလျှံမှုဖြစ်စဉ်များ၊ ပလတ်စတစ် ညစ်ညမ်းမှု ဖြေရှင်းရန် နည်းလမ်းများ၊ ပလတ်စတစ်သုံးစွဲခြင်း၏ ဆိုးကျိုးအန္တရာယ်များ ပါဝင်ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)