ပျဉ်းမနား မေ ၁၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး ပိုးလောက်လန်းသေ (Abate) ဆေးခပ်ခြင်းများကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးခြင်းကို ပျဉ်းမနားမြို့နယ် ကုတင် ၂၀၀ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဘက်စုံသားဖွား ဆရာမ ဒေါ်တင်နီလာအောင်၊ ပြည်သူ့ကျန်းမာရေးကြီးကြပ်-၂ ဒေါ်စန်းသီတာအောင်နှင့် ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းနှင့် ရပ်ကွက်/ကျေးရွာအတွင်းရှိ ရေလောင်ကန်များ၊ ရေစည်၊ ရေအိုးများ၊ ဘုရားပန်းအိုးများနှင့် ခြင်ပေါက်ဖွားနိုင်သော နေရာများကို လိုက်လံစစ်ဆေးခဲ့ပြီး ပိုးလောက်လန်းသေ (Abate) ဆေးခပ်ခြင်းများ ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ဖုံး၊ သွန်၊ လဲ၊ စစ်ပြုလုပ်၍ ရေကိုအသုံးပြုသွားရန်နှင့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)