ဗဟန်း၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့ အသိပညာ​ပေး​​​ Talk Show ကျင်းပ

 ဗဟန်း မေ ၂၀

ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း) လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျောင်းနေ အရွယ်ကလေးအားလုံးပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့ အသိပညာ​ပေး ​ Talk Show ကို ယမန်နေ့၊ ညနေ ၆ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်ရုံးမှ ဒေါ်သော်တာဝင်းပြည့်နှင့်​ ဗဟန်းမြို့နယ်၊ အ-လ-က (၂) ကျောင်းအုပ်ဆရာမကြီး ဒေါ်မိမိခင်အေးတို့က စနစ်သစ် စနစ်ဟောင်းပညာရေးအကြောင်းနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ကျောင်းနေအရွယ်ကလေးများ ပညာသင်ကြားနိုင်ရေး စသည့် အကြောင်းအရာတို့ကို အသိပညာ​​ပေး​ဆွေးနွေးခဲ့ကြသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း)ရုံးအနေဖြင့် ပြည်သူများ ဗဟုသုတရရှိအောင် Online Talk Show များဖြင့် အသိပညာပေးလုပ်ငန်းများကို စဥ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 စန္ဒာမိုး