နတ်မောက် မေ ၂၀
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ မေ ၂၃ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကျောင်းအပ်နှံရေး သီတင်းပတ်နှင့် ဇွန်လအတွင်း အခြေခံပညာ ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် ကျောင်းသား/သူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းများ၏ ဥပဓိရုပ် ကောင်းမွန်လှပစေရန် ဌာနဆိုင်ရာများ စုပေါင်း၍ ယနေ့ နံနက် ၇ နာရီအချိန်က အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းတွင် သန့်ရှင်း ရေးများ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ စုပေါင်းသန့်ရှင်းရေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ နယ်မြေခံတပ်ဖွဲ့ဝင်များ၊ ဆရာ/မများက ကျောင်းအတွင်းအပြင် သန့်ရှင်းသာယာလှပစေရေးအတွက် ချုံနွယ်များ၊ အမှိုက်သရိုက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ကျောင်းအဆောက်အအုံ များနှင့် မလွတ်ကင်သော သစ်ပင်သစ်ကိုင်းများအား ရှင်းလင်းပေးပြီး မြို့နယ်စည်ပင်သာယာရေး အမှိုက်သိမ်းမော်တော်ယာဥ်ဖြင့် သယ်ယူခဲ့ရာ မြို့နှင့် ဝေးသည့်နေရာတွင် စနစ်တကျစွန့်ပစ်ခဲ့ကြကြောင်း သိရသည်။
လှဝင်း