အလုံမြို့နယ်၌ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

အလုံ  မေ ၂၀

ရန်ကုန်တိုင်း​ဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်၌ ကျောင်းများပြန်လည်ဖွင့်လှစ်၍ ပညာသင်ကြားချိန်တွင် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေးနှင့် ကျောင်းသား/ ကျောင်းသူများ သွေးလွန်တုတ်ကွေးရောဂါမဖြစ်စေရေးအတွက် ယနေ့နံနက် ၇ နာရီက  အလုံမြို့နယ်၊ သစ်တောရပ်ကွက်၊ အမှတ်(၇)အ​ခြေခံပညာအထက်တန်းကျောင်း၌ ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာ​ရေးရုံးမှ ဝန်ထမ်းများ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများက  ကျောင်းဝန်းအတွင်းရှိ အမြင်မတင့်တယ်သော သစ်ရွက်ခြောက်အမှိုက်များ ရှင်းလင်းခြင်း၊ မြက်ပင်/ချုံနွယ်များ ရှင်းလင်းဆောင်ရွက်ခြင်း၊ ရေမြောင်းများအတွင်း ပိတ်ဆို့နေသော အမှိုက်များရှင်းလင်းခြင်းနှင့် ရေးစီးရေလာကောင်းမွန်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

အလုံမြို့နယ်တွင် အပတ်စဥ် စနေနေ့တိုင်း မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်ဝန်ထမ်းများမှ အပတ်စဥ်စနေနေ့တိုင်း စာသင်ကျောင်းများ၊ ရပ်ကွက်များနှင့် ဘုန်းတော်ကြီးကျောင်းများတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

တင်တင်ချို(ပြန်/ဆက်)