မော်လမြိုင်ကျွန်း မေ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်မလမြိုင်ကျွန်းမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် အပတ်စဉ်စနေနေ့တိုင်းတွင် မြို့နယ်သန့်ရှင်းသာယာလှပစေရေး ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် (၇) နာရီအချိန်ကအမှတ် (၁၁) ရပ်ကွက်၊ မဟာဗန္ဓုလလမ်း၊ အ.ထ.က အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၌ အားတက်သရောဆောင်ရွက်လျက်ရှိကြသည်။
ထို့သို့ဆောင်ရွက်ရာတွင် နယ်မြေခံတပ်နှင့် ဌာနဆိုင်ရာများ၊ အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများ ပူးပေါင်း၍ ချုံနွယ်ပေါင်းမြက်များ ရှင်းလင်း ခြင်းနှင့် ရေးစီးရေလာကောင်းမွန်စေရေး၊ ရေနုတ်မြောင်းများ တူးဖော်ပေးခြင်းတို့ကို ဆောင်ရွက်ပေးကြသည်။ ယင်းသို့ဆောင်ရွက် ပေးနေမှုများ ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး မင်းလွင်၊ အဖွဲ့ဝင်(၂) ဦးစောဝဏ္ဏ၊ အတွင်းရေးမှူး ရဲမှူးမိုးစိန်၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွန်ကြားရေးမှူး ဦးမင်းဇော်၊ တာဝန်ရှိသူများက လိုက်လံကြည်ရှုအားပေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
ရဲကိုမောင် (ပြန်/ဆက်)