မိုင်းငေါ့ မေ ၂၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ရှိ အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း စုပေါင်းသန့်ရှင်း ရေးပြုလုပ်ဆောင်ရွက် ခြင်းကို ယနေ့ နံနက် (၈)နာရီအချိန်က အဆိုပါ ကျောင်းဝန်းအတွင်း ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးကို ရှေ့တန်းအမှတ်(၁၀၁) ခြေမြန်တပ်မဌာနချုပ်၊ အမှတ်(၁၀၁၃) နည်းဗျူဟာ စစ်ဆင်ရေးကွပ်ကဲမှုအဖွဲ့မှ နည်းဗျူဟာဦးစီး၍ အရာရှိစစ်သည် တပ်သားများ၊ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးမင်းသိုက်ထွန်းနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး များနှင့် ပြည်သူများစုပေါင်း၍ ပြည်သူ့အကျိုးပြု လုပ်ငန်းအဖြစ် မိုင်းငေါ့မြို့ အခြေခံပညာ အထက်တန်းကျောင်းဝန်းအတွင်းရှိ ချုံနွယ်၊ ပိတ်ပေါင်း၊ သစ်ပင်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ စာသင် ဆောင်များအား သန့်ရှင်းရေး ပြုလုပ်ခြင်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြင့်သွယ် (မိုင်းငေါ့ ပြန်/ဆက်)