အမာမြို့၌ ကျောင်းအပ်နှံရေးကာလ အခြေခံပညာ အထက်တန်းကျောင်းဝင်းအတွင်း သန့်ရှင်း‌စေရေး ဌာနဆိုင်ရာများ စုပေါင်း၍ သန့်ရှင်းရေး ဆောင်ရွက်

အမာ မေ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ အခြေခံပညာ‌အထက်တန်း‌ ကျောင်းဝင်းအတွင်း အမာမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးပြည့်စုံဝင်း ဦးဆောင်သော ဌာနဆိုင်ရာ ဝန်ထမ်းများ စုပေါင်း၍ သန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့ နံနက် (၈) နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

ကျောင်းဖွင့်ရာသီကာလ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းစေရေး  ကျောင်းအပ်နှံရေးကာလဖြစ် သည့်အတွက် အဆင်သင့်ဖြစ်စေရေး ကျောင်းအဆောက်အဦးများ အမိုးအကာလုံခြုံရေး စစ်ဆေးခြင်း၊ စာသင်ခုံများ စနစ်တကျ စီထားခြင်း၊ ကျောင်းဝင်းအတွင်း သန့်ရှင်းရေးများ ဆောင်ရွက်ခြင်းနှင့် ကျောင်းသား/ကျောင်းသူများ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေး အတွက် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများကို စုပေါင်း၍ ကျောင်းဝင်းအတွင်း သန့်ရှင်းရေးလုပ်ငန်း များကို စုပေါင်းဆောင်ရွက်ခဲ့‌ကြကြောင်းနှင့် စနေနေ့တိုင်း အပတ်စဉ်သန့်ရှင်းရေး ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

အမာ(ပြန်/ဆက်)