တနင်္သာရီ မေ ၂၀
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများအားလုံးက မိုဘိုင်းဖုန်းဖြင့် သတင်းဗွီယို များကိုရိုက်ကူး၍ တည်းဖြတ်နည်းများကို လက်တွေ့အသုံးပြုတတ်စေရေန်ရည်ရွယ်လျက် ဗွီဒီယိုရိုက်ကူး၊ တည်းဖြတ်နည်း သင်တန်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီ အချိန်က မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Cemtre) အတွင်း ရုံးဝန်ထမ်း(၄)ဦးအား ဦးစီးအရာရှိ ဦးထိန်ဝင်းက လက်တွေ့သင်ကြား ပေးခဲ့သည်။
ရှေးဦးစွာ ဦးစီးအရာရှိ ဦးထိန်ဝင်းက ဓါတ်ပုံသင်တန်း (၂/၂၀၁၇) မန္တလေးနှင့် ဗွီဒီယိုသတင်းရိုက်ကူး၊ တည်းဖြတ်ပေးပို့နည်းသင်တန်း အမှတ်စဉ်(၂) (ရန်ကုန်တိုင်း)တို့၏ သင်တန်းအတွေ့အကြုံများနှင် လက်တွေ့အတွေ့အကြုံများကို ရှင်းလင်းဆွေးနွေးပေးပြီးနောက် မိုဘိုင်းဖုန်းကို လက်ဖြင့် ကိုင်တွယ်နည်း/ သုံးချောင်းထောက်ဖြင့် ရုပ်ငြိမ်အောင်ရိုက်ကူးနည်း အချိန်အဆများ/ရှုထောင့် အယူအဆများကို ပြသပေးရာ ဝန်ထမ်းများက လက်တွေ့လေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြသည်။
ဆက်လက်၍ ရိုက်ကူးပြီးသော ဗွီဒီယိုရုပ်ကဒ်များကို KineMaster Software အသုံးပြု၍ ဗွီဒီယိုရုပ်ကဒ်ယူနည်း၊ သတင်းအသံ ကြည်လင်စွာသွင်းယူနည်း၊ အရုပ်နှင့်အသံတစ်ထပ်တည်း ကျစေရန် အရုပ်နှင့်အသံတည်းဖြတ်နည်းနှင့် စာတန်းထိုးနည်းများကို လက်တွေ့သင်ကြားပေးပြီး ရုံးဝန်ထမ်းများကိုလည်း လက်တွေ့လေ့ကျင့်ပြုလုပ်စေခဲ့ကြောင်း သိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)