သတင်းများ

ပေါင်မြို့နယ်တွင် ကဆုန်လပြည့်နေ့ကိုကြိုဆိုဂုဏ်ပြု‌သောအားဖြင့် လူထုအခြေပြုဗဟိုဌာနတွင်  ကဆုန်လပြည့်နေ့အကြောင်း  အသိပညာပေး (Talk Show) ဆွေးနွေးပွဲ  ပြုလုပ်
May 02,2023
မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ယနေ့ နံနက်(၁၁)နာရီက  ကဆုန်လပြည့်နေ့အကြောင်း  အသိပညာပေး Talk Show ဆွေးနွေးပွဲကိုကျင်းပ ပြုလုပ်ခဲ့သည်။
ကျောက်မဲမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေး Mask Campaign ပြုလုပ်
May 02,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးအသိပညာပေးခြင်းနှင့် နှာခေါင်းစည်းတပ်ဆင်ရေး ပညာပေးလှုပ်ရှားမှု Mask Campaign ပြုလုပ်ခြင်းကို ယမန်နေ့ နံနက် (၉) နာရီက ပြည်သူ့ဆေးရုံရှေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်တံခါးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စားသုံးသူများ အခွင့်အရေးနှင့် လိုက်နာရမည့် တာဝန်များ အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ပြုလုပ်
May 02,2023
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက်ပိုင်း (၁၀) နာရီအချိန်က စားသုံးသူများ အခွင့်အရေးနှင့် လိုက်နာရမည့်တာဝန်များ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
ပေါင်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထပ်ဆောင်း Booster Dose ဆက်လက်ထိုးနှံပေး
May 02,2023
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လေးကြိမ်ထိုးနှံထားပြီး ခြောက်လပြည့်ပြီးသူများအား ပဉ္စမအကြိမ် ထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  ဝါရီရူခန်းမ၌ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရပ်စောက်မြို့နယ်၊ ဖောင်းတောကျေးရွာ၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းဖွင့်လှစ်
May 02,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံအပ်ချုပ် စက်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက ဖောင်းတောကျေးရွာ အုပ်စု၊ ဖောင်း တောကျေးရွာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
မုံးကိုးမြို့ အသက်(၂)လမှအသက်(၁)နှစ်အထိ ကလေးငယ်များအားကာကွယ်ဆေးထိုးနှံပေး
May 02,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့တွင် ကလေးတိုင်းကျန်းမာပျော်ရွှင်စွာ ကြီထွားလာစေရန်အသက်(၂)လမှ အသက် (၁)နှစ်အထိ ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံခြင်းကို မုံးကိုးမြို့ ပြည်သူ့ဆေးရုံး၌ ယနေ့နံနက် (၁၀)နာရီအချိန်က ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကျိုက်ထိုမြို့နယ်တွင် ကိုဗစ်ရောဂါကာကွယ်ရေး Mask Campaign ဆက်လက်ပြုလုပ်
May 02,2023
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်အတွင်း သွားလာလှုပ်ရှား နေထိုင်လျက်ရှိသည့် ပြည်သူများ ကိုဗစ်-၁၉ ဗီဇပြောင်းအိုမီခရွန် ရောဂါကူးစက်ဖြစ်ပွားမှုမရှိစေရန် ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်-မော်လမြိုင် သွားကားလမ်းဘေးရှိ မြို့နယ်စည်ပင်သာယာ ပြည့်သူ့ဈေးရှေ့၌ ဌာနဆိုင်ရာများပူးပေါင်း၍ Mask Campaign အသိပညာပေးလုပ်ငန်းကို ဆက်လက်ဆောင်ရွက်ခဲ့ကြသည်။
နမ့်ဆန်မြို့နယ်တွင် မွေးကင်းစမှ အသက်တစ်နှစ်ခွဲအရွယ်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်
May 02,2023
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်၌ မွေးကင်းစမှ အသက် ၂ နှစ်အောက်အရွယ် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများကို ယနေ့နံက်(၁၀)နာရီအချိန်တွင် နမ့်ဆန်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဆေးပေးခန်းတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးလမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။