နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပ

နတ်မောက် ဒီဇင်ဘာ ၈       

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့နံနက် () နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌  ကျင်းပခဲ့သည်။

အဆိုပါ ပြိုင်ပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ဥမ္မာခင်က ပြိုင်ပွဲဝင် ကျောင်းသား/သူများအား ဉာဏ်ရည်ထက်မြက်စေရန်၊ အသိပညာဗဟုသုတတိုးပွားစေရန်၊ စာဖတ်စွမ်းရည်တိုးတက်စေရန်၊ အနုပညာကိုတန်ဖိုးထားတက်စေရန်နှင့် မိမိရုံးစာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန် ပြိုင်ပွဲကျင်းပရခြင်းဖြစ်ကြောင်းနှင့် စာဖတ်နည်း(၃)နည်းအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ပြိုင်ပွဲကိုကျင်းပရာ “အနာဂတ်လူရည်မွန်များ”ခေါင်းစဉ်ဖြင့် ကျောင်းသား/သူများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး  ပြိုင်ပွဲတွင် ဆုရရှိသူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့်ဆရာမတို့က ဆုများအသီးသီး ချီးမြှင့်ပေးခဲ့သည်။ အဆိုပါ မူလတန်းဆင့်ကဗျာပြိုင်ပွဲသို့ ဆရာ/မများ၊ ကျောင်းသား/သူ စုစုပေါင်း (၅၀)ဦး တက်ရောက်ခဲ့သည်။

လှဝင်း