ပင်လုံမြို့၊ အ.မ.က(၅၁၃)၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

ပင်လုံ ဇူလိုင် ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို အခြေခံပညာမူလတန်းကျောင်း(၅၁၃)၌ ယနေ့နံနက် (၁၀)နာရီက ပြုလုပ်ဆောင်ရွက်ခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အိမြတ်နိုးသူက ကျောင်းသား/ကျောင်းသူများအား မြန်မာနိုင်ငံတော်၏ သမိုင်းကြောင်းများကိုသိရှိစေရန်၊ ပြည်ထောင်စုစိတ်ဓာတ်ရင့်သန်ပြီး မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်လာစေရန်ရည်ရွယ်၍ အာဇာနည်နေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းများ၊ အာဇာနည်ပုဂ္ဂိုလ်ကြီးများနှင့် အာဇာနည်စိတ်ဓာတ်အကြောင်းများဟောပြော၍ လူငယ်လူရွယ်လေးများ ကျောင်းစာများအပြင် ပြင်ပဗဟုသုတများရရှိစေရန်၊ စာအုပ်စာပေများလေ့လာဖတ်ရှုခြင်းကြောင့် အသိပညာဗဟုသုတများရရှိစေရန်နှင့် စာဖတ်ခြင်း၏အကျိုးကျေးဇူးကိုဟောပြောခဲ့သည်။

ထို့နောက် ကလေးများအား ဉာဏ်ရည်ထက်စေရန်၊ မျက်စိလျင်စေရန်၊ စကားလုံးတွေတိုးစေရန်၊ ပျော်ရွင်စေရန် ဉာဏ်ရည်ထက်မှာတွေ့အောင်ရှာ ဂိမ်းကစားနည်းအား ကစားစေခဲ့ပါသည်။

ဆက်လက်၍ အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိအကြောင်းအရာများ၊ အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းများ၊ ပလတ်စတစ်သုံးစွဲမှုလျော့ချရေးနံရံကပ်စာစောင်များ၊ မီးခိုးမြူငွေ့အန္တရာယ်အသိပညာပေးနံရံကပ်စာစောင်များ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးနံရံကပ်စာစောင်များ၊ ရှောင်လေဝေးဝေးမူးယစ်ဆေးနံရံကပ်စာစောင်များပြသပေးခဲ့ပြီး ကျောင်းသား/ကျောင်းသူ (၁၃၀)ဦးတို့ကစိတ်ဝင်တစားကြည့်ရှု့လေ့လာခဲ့ကြကြောင်း သိရှိရပါသည်။

မြို့နယ်(ပြန်/ဆက်)