နတ်မောက် ဇူလိုင် ၁၆
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၅-၂၀၂၆ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ကွန်ကရစ်လမ်းခင်းခြင်းကို ဒဟတ်ပန်း၌ ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ဒဟတ်ပန်းလမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ခွင့်ပြုရန်ပုံငွေ ၇၀ ကျပ်သန်း အကုန် အကျခံကာ အရှည် ၂၅၂ ဒဿမ ၁၃ မီတာ၊ အကျယ် ၃ ဒဿမ ၆၆ မီတာနှင့် ထု ၀ ဒဿမ ၂ မီတာအား တင်ဒါအောင်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည်။ အဆိုပါ ကွန်ကရစ်လမ်းပြီးစီးပါက ရာသီမရွေး ဒေသခံပြည်သူများဝင်ထွက်သွားလာလွယ်ကူပြီး မိုးတွင်းကာလတွင် ဗွက်ထူခြင်း၊ ရေဝပ်ခြင်း၊ သွားလာမှုခက်ခဲခြင်းများကင်းဝေစေ၍ အများပြည်သူ စိတ်ချမ်းမြေ့စွာ သွားလာနိုင်မည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။
မူမူစန်း