သတင်းများ

မြောင်းမြမြို့ အ.ထ.က(၁)ကျောင်းတွင် ဟောပြောပွဲနှင့် ပြပွဲများ ပြုလုပ်
Dec 23,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ အ.ထ.က (၁)ကျောင်း ပညာရတနာခန်းမ၌ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း(နည်းပြ)သင်တန်းမှ ဆရာ/ဆရာမများအား ကျောင်းသား/သူများ ကျောင်းစာအပြင် အခြားအထွေထွေဗဟုသုတနှင့် စာဖတ်သည့် အလေ့အထများရှိလာ‌အောင် ပြုစုပျိုးထောင်ပေးရန် ရည်ရွယ်၍ ဟောပြောပွဲနှင့် နံရံစာစောင်၊ စာအုပ်စာစောင်ပြပွဲများကို ယနေ့  နံနက် (၁၀) နာရီအချိန်က ပြုလုပ်ခဲ့‌ကြောင်း သိရသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ခရိုင်/မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေး ပြုလုပ်
Dec 23,2023
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ဓမ္မရာဇကဘုရားကြီး အတွင်း/အပြင်အား ယနေ့ နံနက် ၇ နာရီအချိန်က ညောင်ဦး ခရိုင်/မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြောင်း သိရသည်။
၃၂ ကြိမ်မြောက် အလိုတော်ပြည့်ဘုရား ဗုဒ္ဓပူဇနိယပွဲတော် မဟာပဋ္ဌာန်း စတင်ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ
Dec 23,2023
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ အလိုတော်ပြည့်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကို အစဉ်အလာမပျက် ၁၃၈၅ ခုနှစ်၊ နတ်တော် လဆန်း(၁၀)ရက်၊ ဒီဇင်ဘာ ၂၂ ရက်နေ့ ယမန်နေ့ နံနက် ၈ နာရီအချိန်မှစတင်၍ မဟာပဋ္ဌာန်းရွတ်ဖတ်ကာ စတင်ကျင်းပလျက်ရှိကြောင်း သိရသည်။
ကလောမြို့နယ်၌ ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှု စုပေါင်းလမ်းလျှောက်ပွဲဆင်နွှဲ
Dec 23,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်တွင် ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် ၅ နာရီခွဲက ကလောမြို့နာရီစင်၌ စုရပ်ပြုလုပ်၍ စုပေါင်းလမ်းလျှောက်ပွဲ ဆင်နွှဲခဲ့ကြကြောင်းသိရသည်။
မွန်ပြည်နယ်  ဒီဇင်ဘာလူထု အားကစားလ(စတုတ္ထအပတ်) စုပေါင်း လမ်းလျှောက်ပွဲဆင်နွှဲ
Dec 23,2023
ားကစား လေ့ကျင့်နည်း အမျိုးမျိုးရှိသည့်အနက် “လမ်းလျှောက်ခြင်း”သည် အရွယ်သုံးပါးမရွေး လုပ်ဆောင်သင့်သည့် လေ့ကျင့်ခန်း အမျိုးအစားဖြစ်သည့်အားလျော်စွာ၊ မွန်ပြည်နယ်အတွင်း ပြည်သူများ လမ်းလျှောက်ခြင်းဖြင့် ကိုယ်လက်လှုပ်ရှားမှုများ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဒီဇင်ဘာ ၂၃ ရက်နေ့နံနက်ပိုင်းကဒီဇင်ဘာ လူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရေစကြိုမြို့နယ် မူလတန်းကြိုကျောင်းတွင် ကာယစွမ်းရည်ပြိုင်ပွဲများ ကျင်းပ
Dec 23,2023
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် ယမန်နေ့ နံနက် ၉ နာရီအချိန်က ရေစကြိုမြို့နယ် မူလတန်းကြိုကျောင်းတွင် ကာယစွမ်းရည်ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့သည်။
တောင်တွင်းကြီးမြို့နယ်၌ ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲ(စတုတ္ထပတ်)နှင့် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ ဆောင်ရွက်
Dec 23,2023
တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်စေရန်၊ အမျိုးသားအားကစားအဆင့်အတန်း တိုးတက်မြင့်မားစေရန်၊ လူတဦးချင်းစီမှအစပြု၍ တမျိုးသားလုံးကျန်းမာကြံခိုင်စေရေးနှင့် မြန်မာ့အားကစားလောကအဆင့် တိုးတက်မြင့်မားရေးအတွက် ပြည်သူလူထုပါဝင်သည့် အားကစားလှုပ်ရှားမှုများ ပိုမိုဆောင်ရွက်လာနိုင်စေရန်ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှု(စတုတ္ထပတ်) စုပေါင်းလမ်းလျှောက်ပွဲနှင့် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ စုပေါင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၅ နာရီက မြို့လယ်လေးလမ်းဆုံစုရပ်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပန်း​​တောင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ(စတုတ္ထ)ပတ် လူထုလမ်းလျှောက်ပွဲ ပြုလုပ်
Dec 23,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ဒီဇင်ဘာ(စတုတ္ထ)ပတ် အားကစားလှုပ်ရှားမှုအဖြစ် လူထုလမ်း‌လျှောက်ပွဲကို ဒီဇင်ဘာလ၂၅ရက် နံနက် ၅ နာရီခွဲတွင် ကျင်းပပြုလုပ်ခဲ့သည်။