သတင်းများ

မင်္ဂလာတောင်ညွန့်မြို့နယ် စျေးများ၌ မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ရေး သရုပ်ပြခြင်းများ ဆောင်ရွက်
Dec 21,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ် စျေးများတွင် မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့ မီးငြှိမ်းသတ်ရေး သရုပ်ပြခြင်းများကို ယမန်နေ့နံနက် (၉:၃၀) အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဟင်းသီးဟင်းရွက်သီးနှံ ၁၇၄၅ ဧက စိုက်ပျိုးပြီးစီး
Dec 21,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဒေသခံတောင်သူများက နေ့စဉ် သီးနှံဝင်ငွေရရှိရေးအတွက် ဟင်းသီးဟင်းရွက်သီးနှံများကို အားထားစိုက်ပျိုးလျက်ရှိရာ ယနေ့အထိ ဟင်းသီးဟင်းရွက်သီးနှံ ၁၇၄၅ ဧက စိုက်ပျိုးဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
မိုးညိုမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိ
Dec 21,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ပင်စင်လစာငွေများကို ယနေ့နံနက် (၇) နာရီက စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
မြောင်းမြမြို့တွင် ခွေးရူးရောဂါကာကွယ်ဆေး ကျေးရွာများသို့ ကွင်းဆင်းထိုးနှံပေး
Dec 21,2023
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့တွင် ခွေးရူးရောဂါကင်းစင်စေရေးအတွက် ခွေးရူးရောဂါကာကွယ်ဆေးများကို ကျေးရွာများသို့ ကွင်းဆင်းထိုးနှံပေးလျက်ရှိရာ ယမန်နေ့က ကွင်းပေါက်ကြီးနှင့် စခန်းကြီးကျေးရွာများသို့ ကွင်းဆင်း၍ ခွေးရူးရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
သဲကုန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိ
Dec 21,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ​အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများကို ယ​နေ့နံနက် ၇ နာရီအချိန်က စတင်ထုတ်ပေးလျက်ရှိကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး ဆဋ္ဌမအကြိမ်မြောက် ဓနုအမျိုးသားနေ့ အခမ်းအနား တက်ရောက်၊ အသေးစား၊ အလတ်စား၊ အငယ်စားစီးပွားရေးလုပ်ငန်းများ ဒေသထွက်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် ကြည့်ရှုအားပေး
Dec 21,2023
၁၃၈၅-ခု၊ နတ်တော်လဆန်း(၈)ရက်၊ ၂၀၂၃-ခုနှစ်၊ ဒီဇင်ဘာလ(၂၀) ရက်နေ့တွင်ကျရောက်သည့် ဆဋ္ဌမအကြိမ်မြောက် ဓနုအမျိုးသားနေ့ အခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီခွဲက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်ရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခန်းမ၌ ပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ဇနီး၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဇနီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများ တက်ရောက်ခဲ့ကြသည်။
ကျွန်းလှမြို့နယ်၌ ဒေသထွက် ပန်းမုံလာ ဈေးကောင်းရ၍ စိုက်ပျိုးသူများအဆင်ပြေ
Dec 21,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာတွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ချောင်းရေတင် စိုက်ပျိုးသော ဒေသထွက် ပန်းမုံလာများ ဈေးကောင်းရရှိ၍ စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
မိုင်းရှူးမြို့၌ နိုင်ငံ့ဝန်ထမ်း အငြိမ်းစားမိဘပြည်သူများအား ပင်စင်လစာများ ထုတ်ပေးလျက်ရှိ
Dec 21,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်မှ မိုင်းရှူးမြို့နယ်ရှိ ပင်စင်စား နိုင်ငံ့ဝန်ထမ်း အငြိမ်းစားမိဘပြည်သူများအား ယနေ့ နံနက် (၈)နာရီမှစတင်၍ ပင်စင်လစာများ ထုတ်ပေးလျက်ရှိသည်။