(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ဌာနဆိုင်ရာပေါင်းစုံ အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲများကျင်းပ

တောင်သာ ဇန်နဝါရီ ၁

တောင်သာမြို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ဌာနဆိုင်ရာပေါင်းစုံ အမျိုးသားဖူဆယ်ဘောလုံး ပြိုင်ပွဲများကို ယမန်နေ့နေ့လယ်(၂)နာရီ အချိန်ကစ၍ မြို့နယ်အားကစားကွင်း၌ ကျင်းပလျက်ရှိကြောင်း သိရသည်၊၊

အဆိုပါ ဌာနဆိုင်ရာပေါင်းစုံ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲကို ရဲတပ်ဖွဲ့၊ မီးသတ်၊ စွပ်ကျယ်စက်ရုံး၊ လျှပ်စစ်၊ အထွေထွေအုပ်ချုပ်ရေး၊ ပညာရေး၊ ကျေးလက်တို့ဖြင့် အသင်း (၇) သင်း ပတ်လည်ဖြင့် ယှဉ်ပြိုင်လျက်ရှိကြပြီး ပြိုင်ပွဲမှာလည်း အုပ်စုပတ်လည်(က)နှင့် (ခ) အသင်းဖြင့် ပါဝင်ယှဉ်ပြိုင်ကြကြောင်းနှင့် ပြိုင်ပွဲအသီးသီး၌ ဆုရရှိသူများအား (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဇန်နဝါရီလ ၄ ရက်နေ့တွင် မြို့နယ် အားကစားကွင်း၌ ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ် အားကစားမှူး ဦးဝဏ္ဏထွန်း ပြောပြချက်အရ သိရသည်၊၊

ကျော်မျိုးနိုင်(တောင်သာ)