ချောက်မြို့ စက်မှုလက်မှုသိပ္ပံကျောင်းတွင် အခြေခံစားသောက်ကုန်များအား စျေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိ

ချောက်  ​ဇန်နဝါရီ   ၁

 မ​ကွေးတိုင်း​ဒေသကြီး၊​​ ချောက်ခရိုင်၊​ ချောက်မြို့နယ်တွင် အစိုးရစက်မှုလက်မှုသိပ္ပံ(ချောက်)မှ ဆရာ၊ ဆရာမနှင့်ဝန်ထမ်းများအား အခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရေးရည်ရွယ်၍ ယနေ့နံနက်(၈)နာရီအချိန်က အမှတ်(၁၅)ရပ်ကွက်၊ တိုးချဲ့ရပ်၊ အစိုးရစက်မှုလက်မှုသိပ္ပံ(ချောက်) ကျောင်းဝင်းအတွင်း၌ ​ရောင်းချ​ပေးလျက်ရှိကြောင်း သိရသည်။

အခြေခံစားသောက်ကုန်များ ရောင်းချပေးခြင်းကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏စီစဉ်မှု၊ ချောက်ခရိုင်   စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှု၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏စီစဉ်ဆောင်ရွက်မှုဖြင့် ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများပူးပေါင်း၍ အမဲသားတစ်ပိဿာ ငွေကျပ်၁၀၀၀၀နှုန်းဖြင့် လည်းကောင်း၊ ဝက်သားတစ်ပိဿာ ငွေကျပ်၁၀၀၀၀နှုန်းဖြင့် လည်းကောင်း၊ ဆိတ်သားတစ်ပိဿာ ငွေကျပ်၁၅၀၀၀နှုန်းဖြင့်လည်းကောင်း၊ ကြက်သားတစ်ပိဿာ ငွေကျပ်၈၀၀၀နှုန်းဖြင့်လည်းကောင်း၊ စားအုန်းဆီတစ်ပိဿာ ငွေကျပ်၅၅၀၀နှုန်းဖြင့်လည်းကောင်း သက်သာသောဈေးနှုန်းဖြင့် ဆရာ၊ ဆရာမနှင့်ဝန်ထမ်းဦးရေ ၁၇၀ဦး၊ အိမ်ထောင်စု(၅၅)စုအား ရောင်းချပေးခဲ့ကြောင်း သိရသည်။

အဆိုပါရောင်းချခြင်းကို ချောက်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဌေးကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစိုးလွင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိဦးသိန်းဌေး၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံဒေါ်မြတ်မြတ်မိုးတို့မှ ကြီးကြပ်ကွပ်ကဲရောင်းချပေးခဲ့ကြောင်း သိရှိရသည်။

ကျော်မိုး(ပြန်/ဆက်)