မော်လိုက် ဇန်နဝါရီ ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ ကျောင်းပေါင်းစုံဖူဆယ် ဘောလုံးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယမန်နေ့ ညနေ(၃)နာရီအချိန်က ပြည်သူ့ အားကစားကွင်း၌ ကျင်ပပြုလုပ်ခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအေးလွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝဏ္ဏထွန်းနှင့်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်ကျောင်းသား/ ကျောင်းသူများတက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ အမက(၁)ကျောင်းနှင့်အမက (၃)ကျောင်းတို့၏ ဒုတိယနေရာလုပွဲနှင့် အမက(၄) ကျောင်းနှင့်အမက(၅)ကျောင်းတို့ တတိယနေရာလုပွဲ ယှဉ်ပြိုင်နေမှုတို့အားကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် တာဝန်ရှိသူများက ပြိုင်ပွဲများတွင် ဆုရရှိသူများအား အသီးသီးဆုများချီးမြှင့်ခဲ့ကြသည်။ အဆိုပါ ကျောင်းပေါင်းစုံ မူလတန်း(အဆင့်) ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် အသင်း(၅)သင်းတို့ကပါဝင် ယှဉ်ပြိုင်ခဲ့ကြရာပထမဆုကို အမက(၂)ကျောင်းမှလည်းကောင်း၊ အလယ်တန်း(အဆင့်) ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် အသင်း(၆)သင်းတို့ကပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ပထမဆုကို ကျော်ကြီးအသင်းမှလည်းကောင်း၊ မူလတန်းအဆင့် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် အသင်း(၄)သင်းတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ပထမဆုကို အမက(၁)ကျောင်းမှလည်းကောင်း အသီးသီးရရှိခဲ့ကြကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)