မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၌ (၇၆)နှစ်မြောက်လွပ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကျင်းပ

မှော်ဘီ   ဇန်နဝါရီ ၁

(၇၆)နှစ်မြောက် လွပ်လပ်ရေးနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး(ငွေလုံးငွေရင်း) ရန်ပုံငွေဆောင်ရွက်ခဲ့သည့် ဆပ်သွာတော-ကြာကန်စုကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယမန်နေ့နံနက် ၈ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနားတွင် မှော်ဘီမြို့ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးသက်ဇော်မှ ကွန်ကရစ်လမ်းအကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ကျေးရွာရပ်မိရပ်ဖတစ်ဦးဖြစ်သူဦးကံမြင့်မှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးကျေးလက်လမ်းဦးစီးဌာနညွှန်ကြားရေးမှူးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့မှ ကွန်ကရစ်လမ်းသစ်ကိုဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ကွန်ကရစ်လမ်းအား ဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါကျေးရွာကွန်ကရစ်လမ်းသည် လမ်းအရှည်(၁/၄)မိုင်၊ အကျယ်(၁၈)ပေနှင့်(၈)လက်မထုရှိကာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေကျပ်(၈၇၁.၁၃၁)သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရပြီး ညောင်နှစ်ပင်စိုက်ပျိုးရေးစုံများမှ ယာဉ်များအတွက် သွားလာမှုလွယ်ကူချောမွေ့စေရန်အတွက်လည်းကောင်း၊ ရပ်ကွက်နေပြည်သူများသွားလာမှု မြန်စံလွယ်ကူအကျိုးပြုနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။

ကျေးရွာကွန်ကရစ်လမ်းဖွင့်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်း၊ မှော်ဘီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌဉီးမြင့်နိုင်၊ မှော်ဘီခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဖြိုးအောင်ကြည်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်နေပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများစုစုပေါင်း(၄၄၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဝင်းဇော်(ပြန်/ဆက်)