တံတားဦးမြို့နယ်တွင် ဂျုံသီးနှံ (၄၀၆ )ဧက စိုက်ပျိုးပြီးစီး

တံတားဦး ဇန်နဝါရီ ၁

တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ဆောင်းသီးနှံ တစ်ခုဖြစ်သည့် ဂျုံသီးနှံ(၄၀၆)ဧက စိုက်ပျိုးပြီးစီးကြောင်း တံတားဦးမြို့နယ် စိုက်ပျိုး ရေးဦးစီးဌာနမှ သိရသည်။

တံတားဦးမြို့နယ်တွင် ဂျုံစိုက်ပျိုးရန် (၄၆၀)ဧက စိုက်ပျိုးရန်လျာထားးပြီး ယနေ့အထိ စိုက်ပျိုးပြီးသည့် ဧကမှာ (၄၀၆)ဧကဖြစ်ကြောင်း၊ ရာခိုင်နှုန်းအားဖြင့်(၈၈.၂၆)ဖြစ်ကြောင်းလည်း သိရသည်။ ဂျုံသီးနှံများကို နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် စတင်စိုက်ပျိုးပြီး ကျန်ရှိသည့် ဂျုံဧကများ လျာထားချက်ပြည့်မီရေး ကွင်းဆင်းဆောင်ရွက်နေကြောင်း၊ ဂျုံသီးနှံများ မစိုက်ပျိုးမီ မြေပြုခြင်း၊ သဘာဝမြေဩဇာ များ ကြဲပတ်ရကြောင်းသို့မှသာ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းပိုမိုကောင်းမွန်မည် ဖြစ်ကြောင်း၊ ဂျုံသီးနှံစိုက်များကို စိုက်ပျိုးပြီး(၁)လသားအရွယ်တွင် မြေအစိုဓာတ်ရရှိရန်အတွက် ရေသွင်းခြင်း၊ ပုလဲဓါတ်မြေဩဇာများ ကြဲပတ်ရကြောင်း ဂျုံကို တစ်ဧကလျှင် မျိုးစေ့(၁)တင်းဖြင့် ထွန်ယက်စိုက်ပျိုးရကြောင်း၊ ဂျုံ၏အပင်သက်တမ်းမှာ ရက်ပေါင်း(၁၅၀)ရှိကြောင်း ဇီးချောင်းကျေးရွာ ဂျုံစိုက်တောင်သူ ဦးသန်းလွင် ထံမှသိရသည်။

တံတားဦးမြို့နယ်အတွင်း အထွက်နှုန်းကောင်းပြီး ဒေသနှင့် ကိုက်ညီသည့် ဂျုံမျိုးများဖြစ်သော မုံရွာ ဂျုံဖြူ၊ ဇလုပ်ဂျုံဖြူတို့ကို အဓိက စိုက်ပျိုးကြရာ ဂျုံတစ်ဧကလျှင်((၃၅)တင်းမှ တင်း(၅၀) အထိ ထွက်ရှိခဲ့ကြောင်း၊ ဂျုံတစ်ဧလျှင် ကုန်ကျစရိတ်အနေဖြင့် ငွေကျပ် သုံးသိန်းခွဲလောက်ရှိပါတယ်၊ ယခုနှစ်တွင် မျိုးစေ့တစ်တင်းကို ငွေကျပ်(၉)သောင်းကျော်ဖြစ်သည့်အတွက် အထွက်နှုန်းပိုမိုကောင်းမွန်ရေး လုပ်ဆောင်ရကြောင်း၊ “စိုက်ထားသည့် ဂျုံသီးနှံစိုက်ခင်းများ အပင်ဖြစ်ထွန်းအားကောင်းပြီး  အနှံများ စုံလင်ရေး ဂျုံအထွက်နှုန်း တိုးတက်ရေးတို့အတွက် တောင်သူများ ပညာပေးသင်တန်းပို့ချပေးခြင်း၊ မျိုးကောင်းမျိုးသန့်ရရှိရေးတို့အတွက် ပုလဲဓါတ်မြေဩဇာကို အချိန်မှန်မှန်ကျွေးနိုင်ရေး၊ ရေသွင်း ရေထုတ်မှန်ကန်ရေးတို့ကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကနေဒီထွန်းက ပြောကြားသည်။

ရဲတင့်(ပြန်/ဆက်)