အစိုးရစက်မှုလက်မှုသိပ္ပံ(ဝါးခယ်မ)ကျောင်း၌ အခြေခံစားသောက်ကုန်များအား ဈေးနှုန်း သက်သာစွာဖြင့်ရောင်းချ

ဝါးခယ်မ  ဇန်နဝါရီ  ၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကဝဲညောင်ချောင်းကျေးရွာရှိ အစိုးရစက်မှုလက်မှုသိပ္ပံ (ဝါးခယ်မ)ကျောင်း၌ ယနေ့နံနက် ၉ နာရီအချိန်က အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိသည်။

ဝါးခယ်မမြို့နယ် အစိုးရစက်မှုလက်မှုသိပ္ပံ(ဝါးခယ်မ)ကျောင်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့များနှင့်ပူးပေါင်း၍ အခြေခံစား သောက်ကုန်များဖြစ်သည့် ကြက်သားအချိန်(၃၀) တစ်ပိဿာလျှင်(၁၅၀၀)ကျပ်နှုန်း၊ ဝက်သား(၅)ပိဿာ တစ်ပိဿာလျှင်(၁၄၀၀၀) ကျပ်နှုန်း၊ ငါးမြစ်ခြင်းအချိန်(၃၀) တစ်ပိဿာလျှင် (၄၀၀၀)ကျပ်နှုန်းဖြင့် ရောင်းချပေးလျက်ရှိရာ ဝယ်ယူစားသုံများအား  ကြက်ဥ(၁၀၀၀)လုံးနှင့် ဟင်းသီးဟင်းရွက်များဖြစ်ကြသည့် ခရမ်းချဉ်သီး၊ ဂေါ်ဖီထုပ်၊ မုန်လာဥဖြူ၊ ဆလပ်ရွက်၊ ချဉ်ပေါင်ရွက်တို့အား အခမဲ့ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ဟိန်းထက်လင်း(ပြန်/ဆက်)