၂ဝ၂၄ ခုနှစ်၊နှစ်သစ်ကို ကြိုဆိုခြင်း အထိမ်းအမှတ် စည်ကားသိုက်မြိုက်ပျော်ရွှင်စွာဆင်နွှဲ

မဟာအောင်မြေ ဇန်နဝါရီ  ၁

မန္တလေးမြို့၌ ၂ဝ၂၄ ခုနှစ် နှစ်သစ်ကူး ပြောင်းခြင်းကို နိုင်ငံသူ၊ နိုင်ငံသားများက ညဉ့်နက် သန်းခေါင်ယံအထိစောင့်ဆိုင်း၍ နှစ်သစ်ကို ကြိုဆိုခြင်း အထိမ်းအမှတ်အဖြစ် စည်ကား သိုက်မြိုက်ပျော်ရွှင်စွာ တပျော်တပါးကြိုဆိုခဲ့ကြသည်။

မန္တလေးမြို့တွင် ကျင်းပသည့် နှစ်သစ်ကြိုဆိုခြင်း အထိမ်းအမှတ်ပွဲတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် ဇနီး၊ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အတွင်းရေးမှူး၊ တာဝန်ရှိ သူများနှင့် မန္တလေးမြို့သူ မြို့သားများ၊ ပြည်သူလူထုနှင့်အတူ အနုပညာရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးခဲ့ကြပြီး ၂၀၂၄ခုနှစ် နှစ်သစ်မကူးခင် ၂၀၂၃ခုနှစ် ဒီဇင်ဘာ ၃၁ရက် ညနေ ၆ နာရီမှ စတင်ကာ မန္တလေးမြို့တွင် နှစ်သစ်ကို ကြိုဆိုခြင်း၏ အနှစ်သာရကို မန္တလေးမြို့သူ၊ မြို့သားများ၊ ပြည်သူလူထုက နိုင်ငံကျော်အဆိုတော် သရုပ်ဆောင် အနုပညာရှင်များ၏ မြူးကြွသည့် ဖျော်ဖြေ တင်ဆက်မှုများနှင့်အတူ မြူးထူးကခုန် ပျော်ရွှင်အေးချမ်းစွာဖြင့် သံပြိုင်ရွတ်ဆိုခြင်း၊ မီးရှူးမီးပန်းများ ပစ်ဖောက်ကာ နှစ်သစ်ကို တပျော်တပါး ကြီးဖြတ်သန်း ခဲ့ကြကြောင်းသိရသည်။

အောင်ဇော်မင်း