စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့ မြောက်ရှားတော၊ အခြေခံပညာမူလတန်းကျောင်းတွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကျောင်းတွင်းကာယစွမ်းရည်ပြိုင်ပွဲ ကျင်းပ

စလင်း ဇန်နဝါရီ ၁

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် ဆင်ဖြူကျွန်းမြို့ မြောက်ရှားတော အခြေခံပညာမူလတန်းကျောင်းတွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို  ဂုဏ်ပြုကြိုဆိုသောအားဖြင့် ယနေ့နံနက် ၈ နာရီ ၃၀ အချိန်က ကျောင်းတွင်း ကာယစွမ်းရည်ပြိုင်ပွဲများကို ကျင်းပပြုလုပ်လဲ့သည်။

ကာယစွမ်းရည်ပြိုင်ပွဲများ ကျင်းပရာသို့ မြောက်ရှားတော မူလတန်းကျောင်းအုပ်ဆရာမကြီး  ဒေါ်နီလာမြင့်နှင့် ဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူကလေးငယ်များနှင့်  ကျောင်းသားမိဘများက ကာယစွမ်းရည်ပြိုင်ပွဲများကို  ကြည့်ရှုအားပေးခဲ့ကြသည်။ ကာယစွမ်းရည်ပြိုင်ပွဲများတွင် အမျိုးသမီးယုန်ခုန်၊ အမျိုးသားကုလားထိုင်လု၊ စကောရွက်ပြိုင်ပွဲ၊ ပိန်မောင်ကောက်ပြိုင်ပွဲ၊ သားပိုက်ကောင်ပြေးနည်းပြိုင်ပွဲ၊ ပူစီပေါင်းနင်းပွဲနှင့် အိပ်စွပ်ပြေးပြိုင်ပွဲများကို  ကျင်းပပြုလုပ်ခဲ့ကြောင်း  သိရသည်။

အဆိုပါပြိုင်ပွဲများတွင် ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများ  ကာယ၊ ဉာဏဖွံ့ဖြိုးစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်လဲ့ခြင်းဖြစ်ပြီး  ပြိုင်ပွဲအသီးသီးတို့မှ ဝင်ရောက်ယှဥ်ပြိုင် ဆုရအားကစားကျောင်းသား ကျောင်းသူများကို ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့်  လွတ်လပ်ရေးနေ့အခမ်းအနားတွင်  ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်းကို မြောက်ရှားတောမူလတန်းကျောင်းအုပ် ဆရာမကြီး ဒေါ်နီလာမြင့်ထံမှ  သိရသည်။

မောင်လွင်(စလင်း)