မိုင်းရယ် ဇန်နဝါရီ ၁
မိုင်းရယ်မြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အမျိုးသားအလွတ်တန်း ဖူဆယ်ပြိင်ပွဲကို ယနေ့နံနက် ၉ နာရီက မြို့မအားကစားကွင်းတွင် ပြုလုပ်သည်။
အဆိုပါပြိုင်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များက တက်ရောက်အားပေးခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးစိုးမင်းအောင်က ပြိုင်ပွဲဝင်ကစားသမားများကို စည်းကမ်းရှိပြီး သန့်ရှင်းစွာ ပြိုင်ပွဲကို ယှဉ်ပြိုင်ကြရန်နှင့် မြို့နယ်ဂုဏ်ကို ဖော်ဆောင်ကြရန် အမှာစကားပြောကြားသည်။
ထို့နောက် ပြိုင်ပွဲကို ယှဉ်ပြိုင်ကစားရာ ရပ်ကွက်(၂)အသင်းက Mongyal Bar အသင်းကို(၇)ဂိုး ၂ ဂိုး)၊ မီးသတ်အသင်းက ဟိုယအသင်းကို (၄ ဂိုး ၃ ဂိုး) ရလဒ်များ ထွက်ပေါ်ခဲ့ပြီး ယနေ့ယှဉ်ပြိုင်ကစားမည့် အသင်းများ ဆက်လက်ယှဉ်ပြိုင် ကစားလျက်ရှိကြောင်း သိရသည်။
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အမျိုးသားအလွတ်တန်း ဖူဆယ်ပြိင်ပွဲကို အုပ်စု(က)နှင့် အုပ်စု(ခ)၊ အသင်း(၈)သင်း၊ တစ်ရက်လျှင် ပွဲစဉ်(၆)ပွဲဖြင့် ဇန်နဝါရီ ၃ ရက်နေ့အထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။ ဆုရသည့် အသင်းကို (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အခမ်းအနားတွင် ဆုများကို ချီးမြှင့်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
မြို့နယ်(ပြန်/ဆက်)