စစ်ကိုင်း ဇန်နဝါရီ ၁
စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိ ဝန်ထမ်းများသည် ဇန်နဝါရီ(၁)ရက်၊ နံနက်ပိုင်းက စစ်ကိုင်းမြို့ရှိ အခြေခံပညာကျောင်းများသို့ သွားရောက်၍ (၇၆)နှစ် မြောက်၊ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ ကြသည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် (၇၆)နှစ်မြောက်၊ လွတ်လပ်ရေးနေ့ အမျိုးသား ရေးဦးတည်ချက်(၅)ရပ်၊ ပြည်တွင်းစည်းလုံးညီညွတ်မှုကသာလျှင် အဓိကအကျဆုံးဖြစ်၊ အမျိုးသားညီညွတ်ရေး၊ လွတ်လပ်ရေးနှင့် အချုပ်အခြာ မျိုးချစ်စိတ်နှင့်ကာကွယ်ပါ၊ မြန်မာနိုင်ငံသားတို့၏မွေးရာပါ တာဝန်၊ “ရှေ့သိုလှမ်းချီ ပန်းတိုင်ဆီ” နိုငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၄-၁-၂၀၂၃ ရက်နေ့ (၇၅)နှစ်မြောက်၊ စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာမှ ကောက်နုတ်ချက်၊ လွတ်လပ်ရေးဆိုသည်မှာစသည့် အကြောင်းအရာများ ပါရှိခဲ့သည်။
စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသားလူငယ်များ၊ ပြည်သူများ အသိပညာဗဟုသုတတိုးပွားရရှိစေရန် အခါကြီး၊ ရက်ကြီး၊ နေ့ကြီးများ အထိမ်းအမှတ်တွင် ထုတ်ဝေသည့် သတင်းစကား လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
ဇော်မြင့်နိုင် စစ်ကိုင်းခရိုင်(ပြန်/ဆက်)