ကျောင်းကုန်းမြို့၌(၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ အခမ်းအနားကျင်းပနိုင်ရေးဆွေးနွေး

ကျောင်းကုန်း ဇန်နဝါရီ ၁

(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးအေးချမ်းသာယာခန်းမ၌ ယနေ့နံနက် ၁ဝး၃၀ နာရီအချိန်ခန့်က ကျင်းပပြု လုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ ကော်မတီ/ဆပ်ကော်မတီများက အတူတကွပူးပေါင်းညှိနှိုင်းဆောင်ရွက် ပေးကြဖို့ပြောကြားခဲ့ပြီး၊ အဖွဲ့ဝင်(၂) ဦးတင်မောင်က (၇၆)နှစ်မြောက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသားဘောလုံးပြိုင်ပွဲ ကျင်းပနေတာဟာ အခုဆိုရင်အကြိုဗိုလ်လုပွဲသို့ ရောက်ရှိနေပြီး၊ ခိုက်ရန်မဖြစ်ပွားရေးနှင့် ဗိုလ်လုပွဲကို ဇန်နဝါရီလ ၄ ရက်နေ့တွင်ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် ကော်မတီ/ဆပ်ကော်မတီများက ဝိုင်းဝန်း ဆွေးနွေးခဲ့ ကြသည်။ အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကျင်းပရေးကော်မတီနှင့် ဆပ်ကော်မတီဝင်များတက်ရောက်ခဲ့ကြကြောင်းသိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)