(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အကြိုအထိမ်းအမှတ် စာစီစာကုံး ကဗျာပြိုင်ပွဲ ကျင်းပ

ကြို့ပင်ကောက်    ဇန်နဝါရီ   ၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ၂၀၂၄ ခုနှစ် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အကြိုစာစီစာကုံးကဗျာပြိုင်ပွဲကို ဇန်နဝါရီလ ၁ ရက်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဗောဓိရုက္ခအလယ်တန်းကျာင်း ကျောင်းအုပ်ဆရာကြီးဦးအောင်ကိုလတ်က (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံအကြောင်းအရာများ လွတ်လပ်သောနိုင်ငံအဖြစ် စတင်ဖြစ်ပေါ်လာပုံအကြောင်းအရာများအား အသိပညာပေးရှင်းလင်းပြောကြားပြီး "လွတ်လပ်ရေးနေ့ဒို့မမေ့” ခေါင်းစဥ်ဖြင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် မူလတန်းအဆင့် ကဗျာပြိုင်ပွဲတို့ကိုဆက်လက်ကျင်းပခဲ့ရာ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲသို့ ကျောင်းသားကျောင်းသူ ၁၆ ဦး မူလတန်းအဆင့် ကဗျာပြိုင်ပွဲသို့ ကျောင်းသား ကျောင်းသူ ၁၄ ဦးတို့က ဝင်ရောက်ယှဥ်ပြိုင်ခဲ့သည်။

အဆိုပါပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို ဗောဓိရုက္ခအလယ်တန်း ကျောင်းအုပ်ဆရာကြီးနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)