တောင်သာ ဇန်နဝါရီ ၁
မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၌ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မင်းစု အခြေခံပညာထက်တန်းကျောင်းအဝင် ပင်မလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အဆိုပါလမ်းမုဒ်ဦးအရှေ့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဖွင့်ပွဲအခမ်းအနားအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟန်သူရ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဗိုလ်မှူး ဇေယျကျော်စွာ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်သိန်း၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဦးမိုးကျော်နိုင်နှင့် မြို့နယ်ပညာရေးမှူး ဦးမြင့်နိုင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟန်သူရက ကျေးဇူးတင်စကားပြောကြားခဲ့ပြီးမုခ်ဦးအား အမွှေးနံ့သာရည်များပက်ဖြန်းပေးခဲ့သည်။ လုပ်ငန်းလွှဲပြောင်းအပ်နှံခြင်း အခမ်းအနားဆက်လက်ကျင်းပရာ ကွန်ကရစ်လမ်းဖြစ်မြောက်ရေးအတွက် မတည်လှူဒါန်းသော ဗိုလ်ချုပ်နိုင်နိုင်ဦး ဇနီးဗိုလ်ကြီးကြည်နွယ်ဦး(ငြိမ်း) မိသားစုနှင့်အလှူရှင်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟန်သူရနှင့်အဖွဲ့ဝင်များက ဂုဏ်ပြုမှတ်တမ်းလွှာများအသီးသီးပေးအပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ ကျောင်းအဝင် ပင်မလမ်းကွန်ကရစ်ခင်းခြင်းလမ်းအား ဗိုလ်ချုပ်နိုင်နိုင်ဦး(ဇနီး) ဗိုလ်ကြီး ကြည်နွယ်ဦး(ငြိမ်း)မှငွေ ကျပ်သိန်း (၃၀) ပြည်သူလူထုထည့်ဝင်ငွေကျပ် (၆၄၇၅၀၀၀)သိန်း၊ စုစုပေါင်းကုန်ကျငွေကျပ် (၉၄၇၅၀၀၀)သိန်းကျော်ဖြင့် ဆောင်ရွက်ခဲ့ပြီး လမ်းအရှည်ပေ (၄၀၀)၊ လမ်းထု(၆)လက်မ၊ လမ်းအကျယ်(၁၂)ပေရှိကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)