မော်လမြိုင်ကျွန်းမြို့နယ်၌ (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင် အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မော်လမြိုင်ကျွန်း    ဇန်နဝါရီ   ၁

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင် ကျွန်းမြို့နယ်၌(၇၆)နှစ်မြောက်လွတ် လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအ စည်းအဝေးကို ဇန်နဝါရီလ ၁ ရက်နေ့ နံနက် (၁၀) က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမော်ဧရာ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်က နိုင်ငံတော်အလံလွှင့်တင် အလေးပြုခြင်းအခမ်းအနားနှင့်  လွတ်လပ်ရေးပန်းခြံ၌ ကျင်းပပြုလုပ်မည့် သဝဏ်လွှာဖတ်ကြားပွဲ အခမ်းအနား  အောင်မြင်စွာကျင်းပနိုင်ရေး  ဖွဲ့စည်းတာဝန်ပေးအပ်ထားသည့်ဆပ်ကော်မတီအလိုက်  ကြိုတင်ပြင်ဆင်ထားရှိကြရန်နှင့် လုပ်ငန်းလိုအပ်ချက်များအပေါ် ဆွေးနွေးတင်ပြကြရန် ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်(၁) ဗိုလ်မှူးမင်းလွင်က ဂုဏ်ပြုတပ်ဖွဲ့ဝင်များ စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများ ရှင်းလင်းဆွေးနွေးခဲ့သည်။

အဆိုပါအစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသီဟဇော်၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးမင်းလွင်၊ အဖွဲ့ဝင် (၂) ဦးတင်လှိုင်၊ အဖွဲ့ဝင် (၃) ဦးစောဝဏ္ဏ၊ အတွင်းရေးမှူး ရဲမှူးမိုးစိန်နှင့် ဌာနဆိုင်အကြီးအကဲ များတက်ရောက်ခဲ့ကြောင်းသိရသည်။

ရဲကိုမောင် (ပြန်/ဆက်)