နတ်မောက် ဇန်နဝါရီ ၂
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ အားကစားပြိုင်ပွဲများကို ယမန်နေ့ နေ့လယ်ပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ မူလတန်းအဆင့် ကျောင်းသား/သူများဖြင့် အားကစားပြိုင်ပွဲများ ကျင်းပခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းဆရာကြီးက ကျောင်းသား/ လူငယ်များ အခြေခံအားကစားနည်းများ တက်မြောက်ကျွမ်းကျင်စေရန်၊ အချင်းချင်း ပူးပေါင်းပါဝင်တတ်စေရန်၊ ကလေးငယ်များ စိတ်လက်ရွှင်လန်းစေရန် ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး ပြိုင်ပွဲဝင်စည်းကမ်းချက်များ ရှင်းလင်းပြောကြားခဲ့သည်။ အားကစားပြိုင်ပွဲများဖြစ်သည့် ကျောင်းသား/သူများအား ကျား/မ(ကြက်ခွပ်)၊ ကျား/မ(ပူစီဖောက်)၊ ကျား/မ (ခုံလု) စသည့်ပြိုင်ပွဲများ ကျင်းပခဲ့ရာ ကျောင်းအုပ်ဆရာကြီးနှင့်အတူ ဆရာ/မများက ကြီးကြပ်ဆောင်ရွက်ပေးခဲ့ပြီး ဆုရရှိသည့် ကျောင်းသား/ သူများကို ဇန်နဝါရီ (၅)ရက်နေ့တွင် ကျင်းပမည့် ပညာရေးစုံညီပွဲတောင်တွင် ဆုများပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လှဝင်း