ငဖဲမြို့နယ်၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား ကျင်းပနိုင်ရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ငဖဲ ဇန်နဝါရီ ၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးများသည် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကျင်းပနိုင်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လစဉ်ပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အစည်းအဝေးတွင် ငဖဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်စိုးက တောင်သူများ ဆောင်းသီးနှံ လျာထားချက်ပြည့်မီအောင် စိုက်ပျိုးပြီးစီးရေး သက်ဆိုင်ရာဌာနက နှိုးဆော်ပေးရေး၊ နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေထုတ်ချေးပေးနိုင်ရေး၊ ရေခွန်ကောက်ခံရေး၊ ရပ်ကွက်/ကျေးရွာများမီးဘေးလုံခြုံရေး၊ ရပ်ကွက်/ကျေးရွာများ သန့်ရှင်းသာယာလှပရေး၊ စည်ပင်သာယာရေးအဖွဲ့ပိုင်နယ်မြေများတွင် အမှိုက်သရိုက်များ သန့်ရှင်းပေးရေး၊ တောင်ပေါ်ဒေသ မြေလွတ်မြေရိုင်းမြေများတွင် ကော်ဖီစိုက်ပျိုးခွင့်လျှောက်ထားရေး၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့နိုင်ငံတော်အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲအခမ်းအနားတက်ရောက်ရေးနှင့် ဌာနဆိုင်ရာ ချစ်ကြည်ရေးဘောလုံးပွဲ ကျင်းပဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသော ဌာနဆိုင်ရာအကြီးအကဲများက ၂၀၂၃ မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများ ပေးဆပ်နိုင်ရေး၊ စီမံကိန်းစာရင်းဇယားများပေးပို့ရေး၊ မြို့ရွာသန့်ရှင်းဆောင်ရွက်ရေး၊ ကျွဲနွားခွာနာလျှာနာရောဂါကာကွယ်ဆေးထိုးနှံရေး၊ နွေသီးနှံ ဆာပိုးသာမျိုးစပါးစိုက်ပျိုးနိုင်ရေး၊ စက်မှုသင်တန်းကျောင်းတက်ရောက်နိုင်ရေး၊ ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ရေးနှင့် ပေကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်ပေးနိုင်ရေးတို့ကို တင်ပြဆွေးနွေးရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးက သက်ဆိုင်ရာဌာနများနှင့် ပြန်လည်၍ ညှိနှိုင်းပေါင်းစပ် ဆွေးနွေးခဲ့ကြောင်း သိရသည်။

မယု(ငဖဲ)