မက်မန်းမြို့၌ (၇၆) နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ

မက်မန်း ဇန်နဝါရီ   ၂

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့၌ ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျပန်းစကားပြောပြိုင်ပွဲကို ယမန်နေ့မွန်လွဲပိုင်းက မက်မန်းမြို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါပြိုင်ပွဲကျင်းပပြုလုပ်ရာတွင် မက်မန်းမြို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဦးစီးဌာနနှင့်ခရိုင်နှင့် မြို့နယ်အမျိုးသမီး ရေးရာအဖွဲ့တို့ပူးပေါင်းဆောင်ရွက်ရာ အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူ (၃) ဦးကလည်းကောင်း၊ အလယ်တန်းအဆင့်ကျောင်းသား/ ကျောင်းသူ (၅) ဦးကလည်းကောင်း၊ စုစုပေါင်း (၈) ဦးတို့မှ လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ကျပန်းစကားပြော ပြိုင်ပွဲအား အသီးသီးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ပြိုင်ပွဲတွင်ဆုရရှိသော ကျောင်းသား/ကျောင်းသူ များကို (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့တွင်  ဆုများအသီးသီး ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စောဥမ္မာ(ခရိုင်၊ပြန်/ဆက်)