ကျိုင်းတုံမြို့၌ ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ(အခြေခံ)သင်တန်း ဖွင့်လှစ်မည်

ကျိုင်းတုံ ဇန်နဝါရီ ၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ ကြီးမှူးဖွင့်လှစ်မည့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ(အခြေခံ)သင်တန်းကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်မှ ၂၅ ရက်အထိ ကျိုင်းတုံမြို့၊  ကျိုင်းတုံမူလတန်းကြိုကျောင်း၊ မြို့တော်ခန်းမအနီးတွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းသို့ ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းရှိ အခြေခံပညာအဆင့်ရှိသူ အမျိုးသား/အမျိုးသမီးများအတွက် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်၊ မူကြိုပညာရပ်ဖြင့် မိမိရပ်ရွာတွင် အသက်မွေးဝမ်းကျောင်းပြုနိုင်ရန်၊ အိုးမကွာအိမ်မကွာ မိမိအိပ်၌ပင် မူကြိုကျောင်းဖွင့်လှစ်နိုင်ရန်၊ ရင်သွေးငယ်များကို ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုး‌ထောင်ရေးဆိုင်ရာ နည်းလမ်းများဖြင့် နည်းစနစ်မှန်ကန်စွာ ပြုစုပေးနိုင်ရန်အတွက် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပြီး အဆိုပါသင်တန်းတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကလေးသူငယ်ပြုစုပျိုး‌ထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ကျွမ်းကျင်သော နည်းပြဆရာများမှ စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းပြီးဆုံးပါက အသိအမှတ်ပြု သင်တန်းဆင်းလက်မှတ် ပေးသွားမည်ဖြစ်ကြောင်း၊ မြို့နယ်များမှ တက်ရောက်သူများအတွက် နေထိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တက်ရောက်လိုသူများအနေဖြင့် လိုင်စင်ဓာတ်ပုံ(၂)ပုံနှင့်အတူ ကျိုင်းတုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာနရုံးသို့ ဆက်သွယ်လျှောက်ထားနိုင်ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)