ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့်ပန်းမန်ပြပွဲ၊ ပြိုင်ပွဲ ကန်တော်ကြီးမြေပဒေသာကျွန်းတွင် ကျင်းပ

ဗဟန်း     ဇန်နဝါရီ    ၂

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ်၊ ကန်တော်ကြီးသဘာဝဥယျာဥ်အတွင်း (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့်ပန်းမန်ပြပွဲ၊ ပြိုင်ပွဲ(ကန်တော်ကြီး/မြေပဒေသာကျွန်း)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈း၀၀ နာရီက ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် ဇနီး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ နယ်/လုံဝန်ကြီးနှင့်ဇနီး၊ မြို့တော်ဝန်နှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ ဒုတိယမြို့တော်ဝန်၊ အတွင်း‌ရေးမှူး၊ ကော်မတီဝင်များ၊ ဌာနမှူးများနှင့် ၎င်းတို့၏ ဇနီးများတက်ရောက်ခဲ့ကြသည်။

ထို့နောက်ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်းမှအဖွင့်အမှာစကားပြောကြားခဲ့ပြီး အခမ်းအနားတက်ရောက် လာကြသူများက ပြပွဲအတွင်း လှည့်လည်ကြည့်ရူခဲ့ကြကြောင်း သတင်းရရှိပါသည်။

ကြည်ဇေသော်