ပုဗ္ဗသီရိမြို့နယ် မင်္ဂလာဒီပ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲကျင်းပ

ပုဗ္ဗသီရိ ဇန်နဝါရီ  ၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် မင်္ဂလာဒီပအခြေခံပညာအထက်တန်းကျောင်းခွဲ၌ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါပြိုင်ပွဲများပြုလုပ်ခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုလေ့လာအား ကောင်းစေရန်၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတများရရှိစေရန်၊ ကိုယ်တိုင်စဉ်းစားတွေး ခေါ်တတ်သည့် အသိများရရှိစေရန်၊ တီထွင်ကြံဆတတ်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲဝင် ၂၅ ဦး၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲဝင်၁၄ ဦး၊ အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲဝင် ၁၀ ဦး ၊ စုစုပေါင်း ၄၉ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

သန်းသန်းနွယ်(ပုဗ္ဗ)