မိုင်းကိုင် ဇန်နဝါရီလ ၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် ၈ နာရီခွဲအချိန်တွင် အခြေခံပညာအထက်တန်းကျောင်း မိုင်းကိုင်မြို့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာအခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြပြီး ကျောင်းသား/ကျောင်းသူများက ဘင်ခရာ၊ ပန်းပွားအက၊ ရှမ်းရိုးရာအက၊ သွေးပူလေ့ကျင့်ခန်းများဖြင့် ဖျော်ဖြေဖွင့်လှစ်ပေးခဲ့ကြပြီး မြတ်သီရီခန်းမတွင် “ကြိုဆိုပါသည်စုံညီပွဲတော်”အဖွင့်သီချင်းဖြင့် အခမ်းအနားစတင်၍ မြို့နယ်ပညာရေးမှူး ဒေါ်နန်းခင်ထွေးရီက အမှာစကားပြောကြားပြီး ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းခင်မြင့်သန်းက ပညာရေးစုံညီပွဲတော် ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြား ခဲ့သည်။
ဆက်လက်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် နိုင်ငံတော်အဆင့်၊ ရှမ်းပြည်နယ်အဆင့်၊ လွိုင်လင်ခရိုင် အဆင့်၊ မြို့နယ်အဆင့် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများ၌ ထူးချွန်ဆုရရှိကြသော ကျောင်းသား/ကျောင်းသူ (၃၅)ဦးကို မြို့နယ်ပညာရေးမှူး၊ ကျောင်းကော်မတီဝင်များ၊ ကျောင်းသားမိဘများက ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
နန်းအေးအေးသိန်း