သတင်းများ

ပြည်တက္ကသိုလ်၌ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့်စာစီစာကုံး၊ ကဗျာ၊ ကျပန်းစကားပြောပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ
Jan 03,2024
(၇၆) နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့် ကျပန်းစကားပြောပြိုင်ပွဲတို့တွင် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ပြည်တက္ကသိုလ် မဉ္ဇူခန်းမဆောင်၌ ကျင်းပရာ ရှေးဦးစွာ ပြည်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသက်လွင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။
ရမည်းသင်းမြို့နယ်၌ အထူးကုဆရာဝန်ကြီးများပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု အခမဲ့နယ်လည့်ကွင်းဆင်းဆေးကုသ
Jan 03,2024
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း လမ်းညွှန်ချက်အရ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာအိအိခင်ဦးဆောင်၍ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒေါက်တာမြင့်မြင့်မော်နှင့်ဝန်ထမ်းများ ပူးပေါင်းပါဝင်သည့် အထူးကုဆရာဝန်များအဖွဲ့သည် ယမန်နေ့နံနက် ၈ နာရီက ရမည်းသင်းမြို့နယ်၊ ရွာတန်းသဲကျွန်းကျေးအုပ်စု၊ ရွာတန်းသဲကျွန်းကျေးရွာ၊ သစ္စာရတနာခန်းမတွင် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ကွင်းဆင်းကုသပေးခဲ့ကြသည်။
မိုင်းကိုင်မြို့နယ်၌ (၇၆)နှစ်မြောက်၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံ၊ စာအုပ်ပြပွဲကျင်းပ
Jan 03,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ပုံပြင်ပြောပြိုင်ပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံ၊ စာအုပ်ပြပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌ ယမန်နေ့ နေ့လည် ၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
တောင်တွင်းကြီးမြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အလွတ်တန်း Snooker ပြိုင်ပွဲ ကျင်းပ
Jan 03,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် အားကစားနှင့်ကာယဦးစီးဌာနနှင့် အောင်သိဒ္ဓိ Snoorker ကလပ်တို့ ပူးပေါင်း၍ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အလွတ်တန်း Snooker ပြိုင်ပွဲကို ယမန်နေ့ နေလယ်(၃)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ၂၀၂၄ ခုနှစ် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် တိုက်ကွမ်ဒိုအားကစားပြိုင်ပွဲကျင်းပ
Jan 03,2024
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် တိုက်ကွမ်ဒိုအားကစားပြိုင်ပွဲကို ယမန်နေ့နံနက် (၉)နာရီအချိန်က အမှတ်(၆) ရပ်ကွက် အောင်မြေသာယာအားကစားကွင်း၊ မိုးလုံလေလုံအားကစားရုံ၌ ကျောင်းသား၊ ကျောင်းသူများနှင့် တိုက်ကွမ်ဒိုအားကစားပြိုင်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
စလင်းမြို့နယ် စလင်း-မင်းဘူးကားလမ်းကတ္တရာလမ်းချဲ့လမ်းခင်းခြင်း​လုပ်ငန်းများအား ပို့ဆောင်ရေးနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု
Jan 03,2024
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် ဒေသဖွံဖြိုးတိုးတက်ရေးလုပ်ငန်းများဖြစ်သည့် စလင်း-မင်းဘူးကားလမ်း တိုးချဲ့ကတ္တရာခင်းဆောင်ရွက်နေမှုနှင့် ကန်တော်ချောင်းတံတားချဥ်းကပ် လမ်းဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းကို ယမန်နေ့ နံနက်၉နာရီ၃၀အချိန်က လမ်းပန်းဆက်သွယ်ရေးနှင့် ပို့ဆောင်ရေးဝန်ကြီးနှင့် တာဝန်ရှိသူများက စလင်းမြို့နယ်အတွင်း ကတ္တရာလမ်းချဲ့ခြင်း မင်းဘူး၊ စလင်း၊ တညောင်၊ ဆိပ်ဖြူလမ်းဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
မော်လမြိုင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာ‌စောင်ပြပွဲကျင်းပ
Jan 03,2024
မွန်ပြည်နယ် မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ဇန်နဝါရီလ(၄)ရက်နေ့တွင်ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း (ရွှေနတ်တောင်) နှင့် အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်း ဆောင်ရွက်ခဲ့သည်။
တောင်တွင်းကြီးမြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ
Jan 03,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် ရန်ပယ်အားကစားကွင်း၌ ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်း၍ (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမျိုးသားပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲကို ယမန်နေ့ နေ့လယ်(၁)နာရီခွဲက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။