ကျိန္တလီ ဇန်နဝါရီ ၃
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ (၇၆) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ်ထုတ်ဝေသည့် သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့ညနေပိုင်းက အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက (အခမဲ့) ဖြန့်ဝေပေးခဲ့ကြသည်။ အဆိုပါသတင်းစကား လက်ကမ်းစာစောင်တွင် ၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက်(၅)ရပ်၊ ၁၉၄၆ ခုနှစ်၊ ဇန်နဝါရီလ(၂၀)ရက်နေ့ အလယ်ပစ္စယံ ညီလာခံ၌ပြောကြားခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း၏မိန့်ခွန်းမှကောက်နုတ်ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၄-၁-၂၀၂၃ ရက်နေ့ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာမှကောက်နှုတ်ချက်၊ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှကောက်နုတ်ချက်၊ “ပြည်တွင်းစည်းလုံးညီညွတ်မှုသာလျှင် အဓိကအကျဆုံးဖြစ်” ဆောင်းပါးတိုနှင့် “လွတ်လပ်ရေးနှင့်အချုပ်အခြာ မျိုးချစ်စိတ်နှင့်ကာကွယ်ပါ” စသည့်ဆောင်ပုဒ်များ စာရေးဆရာမြင်းမူမောင်နိုင်မိုး ရေးသားခဲ့သော “လွတ်လပ်ရေးဆိုသည်မှ” ကဗျာနှင့်ကာတွန်းများပါရှိပြီး လက်ကမ်းစာစောင်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)မှ ထုတ်ဝေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဇော်လင်း