ရန်ကုန် ဇန်နဝါရီ ၃
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများအား ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်ပါသဖြင့် မီးသတိမူရေး၊ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို သတိမူမိစေရန်ရည်ရွယ်၍ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး လှည့်လည်နှိုးဆော်ခြင်းကို ယမန်နေ့ည(၆)နာရီက အင်းစိန်မြို့နယ်အတွင်းသို့ လှည့်လည်နှိုးဆော်သည်။
နှိုးဆော်ရာတွင် အင်းစိန်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထွဋ်နှင့်အဖွဲ့ဝင်များ၊ အင်းစိန်မြို့နယ် မီးသတ်ဉီးစီးမှူးဦးကျော်ဇင်လတ်၊ သံန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၅)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၃)ဦးနှင့်တာဝန်ရှိသူများက မီးငြှိမ်းသတ်ယာဉ်(၁)စီးဖြင့် အင်းစိန်မြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ လှည့်လည်ကာ ပြည်သူများအား ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်ပါသဖြင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် အသံချဲ့စက်ဖြင့် မီးသတိမူရေး လှည့်လည်အသိပညာပေးနှိုးဆော်ခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းနှင့် မီးလောင်မှုဖြစ်ပွားပါက ဆက်သွယ်ရန်ဖုန်းနံပါတ်များပါဝင်သည့် Sticker များကို အများပြည်သူ ထင်သာမြင်သာရှိသည့်နေရာများတွင် ပြသထားခြင်းစသည့် မီးဘေးကြိုတင်ကာကွယ်ရေးအသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)