အင်္ဂပူ ဇန်နဝါရီ ၄
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ အောက်ရွာကြီးကျေးရွာအုပ်စု၊ အ-မ-က (သိုက်တူးကွင်း)ကျောင်းတွင် အင်္ဂပူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ကျောင်းသူများအား လွတ်လပ်ရေး၏အနှစ်သာရနှင့် လွတ်လပ်ရေး၏တန်ဖိုးကို အမြတ်တနိုးအလေးထားတန်ဖိုးထားတတ်စေရန် ရည်ရွယ်၍ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက ပြုလုပ်သည်။
ရှေ့ဦးစွာ အ-မ-က(သိုက်တူးကွင်း)ကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြူကြူသင်းက အမှာစကားပြောကြားပြီး၊ အင်္ဂပူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သီသီရှိန်က လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံနှင့် လွတ်လပ်ရေးနေ့အကြောင်းသိကောင်းစရာများအား အသိပညာပေးဟောပြောသည်။ ထို့နောက် ကျောင်းသား/သူများမှ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြသထားသောနံရံကပ်စာစောင်အား စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြောင်း သိရှိရသည်။
မန်းကျော်(ပြန်/ဆက်)