(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ကိုယ်အားကိုယ်ကိုးမူလတန်းကြိုကျောင်း မူကြိုကလေးများ ပျော်ပွဲရွှင်ပွဲကျင်းပ

မြန်အောင် ဇန်နဝါရီ

(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်/မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဦးဆောင်မှုဖြင့် မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ကိုယ်အားကိုယ်ကိုးမူလတန်းကြိုကျောင်း မူကြိုကလေးများ ပျော်ပွဲရွှင်ပွဲကို ယမန်နေ့နံနက်က အဆိုပါမူလတန်းကြိုကျောင်း၌ ကျင်းပခဲ့သည်။

(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကိုယ်အားကိုယ်ကိုးမူလတန်းကြိုကျောင်း မူကြိုကလေးများ ပျော်ပွဲရွှင်ပွဲတွင် မြန်အောင်ခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နေခြည်ဝင်း၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်သင်းလှိုင်ဦးနှင့်အဖွဲ့ဝင်များက ကလေးများအားခေါင်းအုံးရွက်ပြိုင်ပွဲ၊ ပူပေါင်းဖောက်ပြိုင်ပွဲ၊ မုန့်စားပြိုင်ပွဲများ ကျင်းပပေးပြီး လက်ဆောင်ပစ္စည်းများ မဲဖောက်၍ပေးခဲ့ကြပြီး ကလေးများနှင့်မိဘများအား ကြာဇံချက်အဟာရ တိုက်ကျွေးခဲ့ကြကြောင်း သိရသည်။

ဝင်းဗိုလ်(မြန်အောင်)