မိုးညှင်းတက္ကသိုလ်နှင့် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းတို့တွင် အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာ စွာဖြင့် ရောင်းချပေး

မိုးညှင်း   ဇန်နဝါရီ   ၃

ကချင်ပြည်နယ် မိုးညှင်းတက္ကသိုလ်နှင့် အစိုးရစက်မှုလက်မှုသိပ္ပံ(မိုးညှင်း)ကျောင်းတို့တွင် ဆရာဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသားကျောင်းသူများအား အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက် ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်းဝင်းတို့၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ရောင်းချပေးရာတွင် ပြည်နယ်အစိုးရအဖွဲ့၏လမ်းညွှန်မှုနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်ဦးဆောင်မှုတို့ဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများနှင့်ပူးပေါင်း၍ အခြေခံစား သောက်ကုန်များဖြစ်သည့် စားအုန်းဆီတစ်ပိဿာကို ငွေကျပ်(၆၅၀၀)နှုန်းဖြင့် လည်းကောင်း၊ ကြက်ဥတစ်လုံးလျှင် ငွေကျပ်(၂၀၀)နှုန်းဖြင့်လည်းကောင်း၊ ဝက်သားတစ်ပိဿာလျှင် ငွေကျပ် (၂၀၀၀၀)နှုန်းဖြင့်လည်းကောင်း ပြင်ပပေါက်ဈေးနှုန်းထက် ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိရာ ဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား ကျောင်းသူများမှ ဝမ်းသာအားရဖြင့် ဝယ်ယူကြလျက်ရှိကြောင်း သိရသည်။

ရွှေမိုးညှင်း