မင်းတုန်းမြို့တွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကလေးပြိုင်ပွဲကျင်းပ

မင်းတုန်း ဇန်နဝါရီ ၅

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့တွင် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကလေးပြိုင်ပွဲကို မြို့နယ်မိခင်ကလေးအသင်းနှင့် ကျန်းမာရေးဌာနတို့ပူးပေါင်း၍ ယမန်နေ့ နံနက် (၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပရာ မြို့ပေါ်ရပ်ကွက် (၄) ရပ်ကွက်ရှိ မွေးစမှ တစ်နှစ်ခွဲအရွယ်ထိကလေး (၂၅) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ထိုသို့ ကလေးပြိုင်ပွဲ ကျင်းပရာတွင် အသက်အရွယ်အလိုက် အာဟာရဖွံ့ဖြိုးမှု၊ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှု ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲဝင်ကလေးများကို လက်ဆောင်များနှင့် ဆုရရှိသော ကလေးများအား ဆုများအသီးသီးပေးအပ်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)