စလင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ

စလင်း  ဇန်နဝါရီ  ၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်  အားကစားပြိုင်ပွဲများကျင်းပခဲ့ရာ ပိုက်ကျော်ခြင်း၊ ထုပ်ဆီးတိုး၊ လွန်ဆွဲပွဲများ စသည့် အားကစားနည်းများဖြင့် ယှဉ်ပြိုင်ခဲ့ကြသည်။ ထို့နောက် ဆုချီးမြှင့်ပွဲကိုလည်း ယမန်နေ့ နံနက် ၈ နာရီ ၁၅ မိနစ်အချိန်မှစတင်ကာ  မြို့နယ်ပြည်သူ့အားကစားကွင်းအတွင်း၌  ဆက်လက်ကျင်းပခဲ့သည်။

၂၀၂၄ ခုနှစ်  လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲဗိုလ်လုပွဲများမှ  လွန်ဆွဲပွဲ၊ ထုပ်ဆီးတိုး၊ ပိုက်ကျော်ခြင်းပြိုင်ပွဲများ ယှဥ်ပြိုင်ကစားနေမှုအား  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်နှင့်  စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများ ကြည့်ရှုအားပေးခဲ့ကြသည်။

(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ ကြက်တောင်ရိုက်ပြိုင်ပွဲတွင် ဆုရရှိကြသည့် ပထမဆု မောင်ကောင်းခန့်ကျော်၊ ဒုတိယဆု မောင်စွမ်းထက်အောင်၊ တတိယဆု  မငွေအိမ်စံတို့က ရရှိခဲ့ကြကာ ထိုဆုများအား လမ်းဦးစီးဌာန ဦးသီဟစိုးမှ ပေးအပ်ချီးမြှင့်ခဲ့သည်။ လွန်ဆွဲပွဲပထမဆုကို မြို့နယ်မီးသတ်တပ်ဖွဲ့၊ ဒုတိယဆုကို ရဲတပ်ဖွဲ့ဝင်အသင်းနှင့် တတိယဆုကို အထွေထွေအုပ်ချုပ်ရေးအသင်းမှ ရရှိခဲ့သည်။ စားပွဲတင်တင်းနစ်ပြိုင်ပွဲတွင်  ဆုရရှိသည့် ပထမဆု  မောင်တင်ဇာဖြိုး၊ ဒုတိယဆု  မောင်ကျော်မင်းခန်းနှင့် တတိယဆုကို  မောင်ခန့်ဇင်ဟိန်းတို့ကို ရဲမှူးအောင်သူမှလည်ကောင်း၊ ထုပ်ဆီးထိုးပြိုင်ပွဲဆုရရှိသည့် ပထမဆု  ထွေအုပ်၊ ဒုတိယဆုကို  ပညာရေး၊ တတိယဆုကို  စိုက်ပျိုးရေးအမျိုးသမီးအသင်းကို မြို့နယ်စီမံကိန်းအဖွဲ့ဝင် ဗိုလ်မှူထင်လင်းအောင်ကလည်ကောင်း၊ ပိုက်ကျော်ခြင်းခတ်ပြိုင်ပွဲဆုချီးမြှင့်ရာတွင်လည်း ပထမဆုရရှိသည့်  အောင်သရဖူ၊ ဒုတိယဆုကို  ကျော်စွာ၊ တတိယဆုကို  သန့်သန့်လေးအသင်းတို့အား  တံခွန်စိုက်ဆုဖလားနှင့် ငွေသားဆုများအသီးသီးကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်ကလည်ကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။ ထို့နောက် ပြိုင်ပွဲအသီးသီးမှ  ဆုရရှိကြသည့် အားကစားသမားများနှင့် အမှတ်တဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရှိရသည်။

(မောင်လွင်)စလင်း