ဟိုင်းကြီးကျွန်းမြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲများ၊ ပြိုင်ပွဲများကျင်းပ

ဟိုင်းကြီးကျွန်း ဇန်နဝါရီ ၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲများ၊ အားကစားပြိုင်ပွဲ များကို ယနေ့ နံနက်(၁၀)နာရီအချိန်မှစ၍ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။

အဆိုပါ အားကစားပြိုင်ပွဲများကို ဟိုင်းကြီးကျွန်းမြို့အတွင်းရှိ ရပ်ကွက်/ကျေးရွာအသီးသီးမှ လူငယ်များ၊ ကျောင်းသား၊ ကျောင်းသူများက စကောရွက်ပြိုင်ပွဲ၊ ခေါင်းအုံးရိုက်ပွဲ၊ ဘောလီဘောပြိုင်ပွဲ၊ လွန်ဆွဲပွဲနှင့် ချောတိုင်တက်ပွဲတို့တွင် ပျော်ပျော်ရွှင်ရွှင် ဝင်ရောက်ယှဥ်ပြိုင်ကြပြီး ဆုရရှိသူ များကိုလည်း မြို့အုပ်ချုပ်ချုပ်ရေးမှူး ဦးကောင်းစံနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများမှ ဆုများ​ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

လှိုင်မျိုးအောင်